ကော်ဖီတစ်ခွက်ပြုလုပ်ရာမှာ မမှန်ကန်တဲ့အချက်အလက်တွေ

ဒီတစ်ခေါက်မှာတော့ ကော်ဖီတစ်ခွက် ဖန်တီးရာမှာ ဘယ်လိုအချက်လေးတွေကို ဂရုစိုက်ပြီး ဖန်တီးမယ်ဆိုရင် အရသာရှိတဲ့ ကော်ဖီကောင်းကောင်း ရစေမလဲဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။ ကော်ဖီတစ်ခွက်ပြုလုပ်ရာမှာ မမှန်ကန်တဲ့အချက်အလက်တွေ ကော်ဖီကိုမှုန့်နေအောင်ကြိတ်မယ်ဆိုရင် နဲနဲချင်းစီသုံးလို့ရတယ်။ပုံမှန်ဖျော်ထားတဲ့ကော်ဖီထက်ကို မှန်မှန်ကန်ကန်မဖျော်ထားတဲ့ကော်ဖီတွေက အရသာကိုဆိုးရွားစေနိုင်ပါတယ်။ ပေးထားတဲ့ကော်ဖီတိုင်းတာချက်တွေကိုလိုက်ပြီးကော်ဖီရဲ့ကောင်းမွန်ကပြောင်းသွားပါတယ်; မှုန့်နေအောင်ကြိတ်ထားတဲ့ကော်ဖီက ခါးသက်တဲ့အရသာကိုရရှိစေပါတယ်။ ဈေးကွက်လေ့လာသုံးသပ်ချက်တွေအရ-ကော်ဖီတစ်ပေါင်ကနေ ၁၈၀mlရှိတဲ့ကော်ဖီခွက်လေးဆယ်ထက်ပိုပြီး ရတယ်ဆိုတာကကော်ဖီနှပ်တဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ မတွေ့ရပါဘူး။ ဒါတွေအားလုံးကတော့ ရိုးရှင်းတဲ့ ဓါတုဗေဒဆိုင်ရာသုံးသပ်ချက်တွေဖြစ်တယ်။ ကော်ဖီနှပ်တဲ့အချိန်မှာ ကော်ဖီနှပ်မည့်ထဲကို ကြိတ်ထားတဲ့ကော်ဖီကိုမှန်ကန်တဲ့ပမာဏ သုံးပြီးနှပ်ဖို့ကြိုးစားကြတယ်။ ကြိတ်ထားတဲ့ကော်ဖီစေ့ကိုသုံးပြီးနှပ်ရာမှာ ကော်ဖီနည်းနည်းပဲထွက်လာမယ်ဆိုရင် သုံးထားတဲ့ကော်ဖီနဲ့တူညီပိုက်ဆံကိုရရှိမှာ မဟုတ်ပါဘူး။ အကယ်၍ အများကြီးထည့်လိုက်မယ်ဆိုရင်လည်း ကော်ဖီမှုန့်တွေကကော်ဖီစစ်တဲ့ ဇကာမှာပဲအလဟသကျန်နေတာကြောင့် ဆီကဲသို့ ခပ်ချွဲချွဲနဲ့ ခါးတဲ့ ကော်ဖီအ၇သာကိုပဲရစေပါတယ်။ ဓါတုဗေဒအယူအဆအရကော်ဖီတစ်ခွက်ရဲ့ ၁၈ ကနေ ၂၂% အထိကအခဲလေးတွေဖြစ်တယ်။ဒါဆိုရင် ကော်ဖီကောင်းကောင်းတစ်ခွက်ရအောင် ဘယ်လိုနှပ်မလဲ။လျှို့ဝှက်ချက်နည်းလေးကို ပြောပြရမယ် ဆိုရင်တော့ ကော်ဖီမှုန့် စားပွဲတင်ဇွန်း၂ဇွန်းကို ရေ၁၆၀ml ထည့်သင့်ပါတယ်။ Aroma Website ကိုလည်း အလည်အပတ်လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်နော်။